Saturday, May 26, 2007

ပြက်လုံးလေးအကြောင်း

ခရီရေတာတို့ အာအိုင်တီကျောင်းက သုံးနှစ်တစ်ကြိမ်လုပ်နေကျ ဆရာပူဇော်ပွဲကို ဒီနှစ် စင်ကာပူမှာ လုပ်ဖြစ်ပါတယ်။

တတ်သည့် ပညာ (အမှန်ကတော့ ရွသည့် ၀ါသနာပါ) မနေသာဆိုသလို ကျောင်းတုန်းက အတူတူ ကကြခုန်ကြတဲ့ သူငယ်ချင်းတွေက အငြိမ့်ကို
တာဝန်ယူတော့ စာမေးပွဲရှိတဲ့ ခရီရေတာကလဲ ပါလို့မရပေမယ့် ဇာတ်ဆရာသူငယ်ချင်းကို ပြက်လုံးတွေ ကူပြီး စဉ်းစားပေးရတာပေါ့လေ။ ကပြရမှာက နိုင်ငံစုံက လာမယ့် ဆရာကြီး၊ ဆရာမကြီးတွေနဲ့ လူကြီးတွေက အများကြီး၊ မြန်မာပြည်နဲ့ ဝေးနေတဲ့လူတွေက အများစုဆိုတော့ မြန်မာပြည်က အဖြစ်အပျက်အသစ်တွေ၊ ကြော်ငြာအသစ်တွေအကြောင်း ပျက်ပြန်ရင်လဲ မသိတော့ ရယ်ကြမှာ မဟုတ်၊ ပြက်လုံးအရမ်း ကြမ်းသွားပြန်ရင်လဲ မိသားစုတွေဆီ ပြန်မရမှာကစိုး၊ ဟိုးရှေးရှေးတုန်းက အာအိုင်တီက အကြောင်းတွေဆိုလဲ ကျနော်တို့ကမသိ၊ အားလုံးက အလုပ်တွေ stress တွေနဲ့ ဆိုတော့ ငယ်ငယ်ကလို ပြက်လုံးတွေက မထွက်နဲ့ တော်တော့ကို စိတ်ပူခဲ့ရပါတယ်။ ကျနော်တို့က အာအိုင်တီရဲ့ ဒုတိယနောက်ဆုံးမျိုးဆက်ဆိုတော့ အငယ်ဆုံးနီးပါးပေါ့ဗျာ။ ကလေးတွေလုပ်တာ ကပျက်ကချော်နဲ့လို့လဲ အပြောမခံချင်ဆိုတော့ ကျနော်လဲ စာမေးပွဲနီးတဲ့ကြားက သူငယ်ချင်းတွေကို ကူညီရပါတယ်။ ပြက်လုံးစဉ်းစားခါမှ အမေ့ကို သတိရပြီး အမေ့အတွက် ကဗျာတစ်ပုဒ်ရေးမိသေးတယ်။

နောက်နေ့ အလုပ်သွားတော့ ဒီပြက်လုံးလေး စဉ်းစားမိတာနဲ့ အလုပ်မှာ မြန်မြန်ချရေးပြီး သူငယ်ချင်းကို အီးမေးလ် လှမ်းပို့လိုက်ပါတယ်။ ပြက်လုံးကျောရိုးက ကျနော်စဉ်းစားပြီး အထဲမှာ ပါတဲ့ စာသားတွေကိုတော့ ကျနော်တစ်ဝက်၊ သူငယ်ချင်းတစ်ဝက် ရေးပါတယ်။ ပြက်လုံးလေးကတော့ ဒီလိုပါတဲ့ဗျာ ...


ဟေး ... ကြည့်စမ်း တို့ မင်းသမီးလေးက မြန်မာသီချင်းလေးဆိုပြီး မြန်မာအကလေးကသွားလိုက်တာ တို့ မြန်မာပြည်တောင် လွမ်းလာပြီဟေ့ .. အဲဒီတော့ တို့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ တို့မိဘဆွေမျိုးတွေကို ဆုတောင်းမေတ္တာပို့သရင် မကောင်းဘူးလားဟေ့ ... (ကောင်းတယ်ဟေ့) ဒါပေမယ့် တို့က ဒီစင်ကာပူမှာရောက်နေတာဆိုတော့ ဟို ဗဒင်ရဲ့ သီချင်းလေး `ဒို့ကတော့ ဒို့ကတော့ .. ဒို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ်´ဆိုတဲ့ သီချင်းလေးနဲ့ ဆုတောင်းပေးရင် မကောင်းဘူးလား .. (ကောင်းတာပေါ့ဗျာ) အဲဒီတော့ စလိုက်ကျရအောင်ဟေ့ ...

`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ .. ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´

`ကြက်တုပ်ကွေးများ ပြန့်ပွားနေ .. ကမ္ဘာအနှံ့မှာလေ .. ဒို့နိုင်ငံတော့ ကျော်ကာသွား .. ယုံနိုင်ကြရဲ့လား ... ဒို့မြန်မာ ပြည်သူများ ဘေးကင်းကြစေသား´

`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`ဒီဇယ်အစားထိုး နည်းပညာ .. ကြက်ဆူဆီကို သုံးစွဲမှာ .. ဒို့ တောင်သူဦးကြီးများ .. ကြက်ဆူပင်နဲ့ ညား .. လောင်စာဆီ ပြဿနာများ
ကျော်လွှားနိုင်စေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`တိုးတက်နေတဲ့ မြို့ရန်ကုန် .. ဟွန်းသံကင်းမဲ့ဇုံ .. မီးစက်သံတော့ သတိထား .. နေရာတိုင်းမှာကြား .. မီးစက်သံကင်းမဲ့ ဇုံတွေများ .. ပေါ်ပေါက်ကြစေသား´

`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`အလှည့်ကျ စနစ်နဲ့ ဖြန့်ဝေတာ .. လျှပ်စစ်မီးကိုပါ .. လျှပ်စစ်စွမ်းအား ပြည်ထွန်းကား .. သိတယ်မဟုတ်လား .. ဟိုက်ဒရိုပါဝါ
ပရောဂျက်များ .. မြန်မြန်ပြီးစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`၀န်ထမ်းလစာတိုးပေးတာ .. ကုန်ဈေးနှုန်းက မဖြုံပါ .. ဆထက်တိုးကာ တက်လို့သွား .. မှတ်ပြီ မဟုတ်လား .. ဒို့ မြန်မာ ပြည်သူများ ..
ဖူလုံကြစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`နည်းပညာရဲ့ တက္ကသိုလ်တွေ .. နေရာအနှံ့မှာ ဖွင့်လှစ်နေ .. တက္ကသိုလ်တက်တဲ့ ဒို့ကျောင်းသား .. ယူနီဖောင်းနဲ့ဗျား .. စာမေးပွဲတော့
အောင်ကာသွား .. ပညာတတ်စေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`တိုးတက်မှုနဲ့ လိုက်လျောညီ .. ကားမှာ အင်နာဂျီ ..
စီအင်ဂျီတဲ့ ဂက်စ်အိုးများ .. ယိုတာစိမ့်တာ သတိထား .. ဒို့မြန်ပြည် ခရီးသွား ..
ဘေးကင်းကြစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေးမယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ´


`နိုင်ငံ့ဝင်ငွေ တိုးပွားအောင် .. အခွန်လေးတော့ ဆောင် .. မယွင်းမှားအောင် သတိထား .. စားရင်းဇယားနဲ့သွား (စာရင်းဇယားပါဟ) ..
နိုင်ငံ့ဝင်ငွေရှာသူများ .. ချမ်းသာကြစေသား´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့ ဝေးဝေးကနေ
ဆုတောင်းပေး ....´


`ဟေ့ကောင်တွေ .. ဒီဟာက ဝေးဝေးကနေ ဆုတောင်းပေးလို့
မရတော့ဘူး ... အခွန်နှစ်ထပ်မိနေတာက ဒီမှာ .. စင်ကာပူမှာ .. အဲဒီတော့ ပြောင်းပြီး
ဆုတောင်းရမယ်´


`ဒို့ကတော့ ဒို့ကတော့ ... ဒို့ကတော့
နီးနီးကနေဆုတောင်းဆဲကွယ် ... ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါ့မလား´

1 comment:

pandora said...

မိုက်တယ်ကွာ.. ဟားဟား