ရက်ပေါင်းများစွာ စောင့်ဆိုင်းပြီးတဲ့ အခါမှာတော့ နောက်ဆုံး အောင်မြင်သွားပါပြီ။ ဒီမှာပါ။ ကျနော့်ဘလော့ဂ်မှာ တင်ထားတဲ့ အတိုင်း Default settings တွေ လုပ်ထားပါတယ်။
ဒါကတော့ Width and Height ပြောင်းဖို့ပါ။ Blogger မှာ ဘေးဘက်က ထည့်ချင်တယ် ဆိုရင် Width ကို 200 ထားပါ။ Height ကတော့ 250 ကနေ 300 ကြားထားရင် ကြည့်ကောင်းပါတယ်။
Gadget ရဲ့ အပေါ်ဆုံးမှာ ပေါ်နေမယ့်စာသားအတွက် KFeed Linker ဆိုတဲ့ နေရာမှာ အစားထိုးလိုက်ပါ။
Tab Font Size ကတော့ 0.8em က အနေတော်ပါပဲ။
Feed 1 URL ဆိုတဲ့ နေရာမှာ ကိုယ်ထည့်ချင်တဲ့ ဘလော့ဂ်ရဲ့ လိပ်စာကို ပြောင်းထည့်ပါ။ ဥပမာ .. ခရီရေတာ ရဲ့ ဘလော့ဂ်ဆိုရင် http://dreams-of-kreator.blogspot.com/ ။
အဲဒီနောက်က /feeds/posts/default ဆိုတာကိုလဲ ထည့်ဖို့ မမေ့ပါနဲ့ဦး။ အဲဒါမပါရင် အလုပ်လုပ်မှာ မဟုတ်ပါ။
ဘလော့ဂ်လေးခုကိုပဲ လင့်လို့ ရပါတယ်။ အမှန်ကတော့ အများကြီးလဲ ရပါတယ်။ ဒါပေမယ့် Blogger ရဲ့ ဘေးဘက်မှာ ထားရင် လေးခုပဲ ဆန့်လို့ပါ။
# of Entries ကတော့ နောက်ဆုံးပို့စ် ဘယ်နှစ်ခုကို တင်ထားချင်လဲ ဆိုတာပါ။ Default က 3 ခုပါ။
Summaries က ပို့စ်ရဲ့ အစက စာသားတွေကို ယူပြီး အမြည်း အဖြစ်နဲ့ ဖော်ပြပေးတာပါ။ ကျနော်ကတော့ none လို့ ထားပါတယ်။
Render HTML နဲ့ Show Timestamp ကတော့ ဒီအတိုင်းပဲ ထားလိုက်ပါ။ မပြောင်းပါနဲ့တော့။
ကိုယ်ပြောင်းတဲ့ Settings တွေကို အပေါ်က box ထဲမှာ Preview ပြပေးနေပါလိမ့်မယ်။ စိတ်ကြိုက်ဖြစ်ပြီ ဆိုရင် Get the code ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။ အဲဒီမှာ ပေါ်လာတဲ့ codings တွေကို copy လုပ်ပြီး ကိုယ့် Blogger ရဲ့ Template Layout မှာ Add a Page Element ကိုရွေး။ ပြီးရင် HTML/Javascript ဆိုတာကို ရွေးလို့ Add to blog လုပ်လိုက်ပါ။ Content မှာ paste လုပ်၊ Title မှာ တစ်ခုခု ထည့်ပြီး save changes လုပ်လိုက်ရင်ဖြင့် ခရီရေတာ ပြန်လည်မွမ်းမံထားတဲ့ KFeed Linker: Google Gadget ကို သုံးနိုင်ပြီး ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ခင်ဗျား။
စာကြွင်း။ အခုရက်ပိုင်း ဘာဖြစ်နေလဲ မသိပါ။ ပို့စ်အသစ်တွေ တင်တာကို ချက်ချင်း မမြင်ရပါဘူး။ ၁နာရီလောက် ကြာမှ KFeed Linker မှာ ပေါ်လာပါတယ်။ ဒါပေမယ့် Better late than nothing ပေါ့ဗျာ။
1 comment:
Kreator ရေ...
နည်းနည်းဘာသာပြန်ပြီးထည့်လိုက်တယ်။ ကျွန်တော်ဘလော့ဂ်မှာ ဘာတွေဘာသာပြန်ပြီးထည့် လိုက်တယ်ဆိုတာမြင်မယ်ထင်တယ်။ အခုလိုမျိုးမှုရင်းကို မြန်မာဘာသာပေါ်အောင် ပြုပြင်လိုက်တာကို ချီးမွမ်းပါတယ်။
Post a Comment