Friday, June 1, 2007

မဖြစ်သင့်ဘူး

အိမ်အပြင်ဘက်က ကောင်းကင်မှာ မိုးတွေ အုံ့မှိုင်းနေတယ်။ ကိုယ့်စိတ်တွေလဲ မှုန်မှိုင်းနေတယ်။ ရင်ခုန်တယ်၊ ကြည်နူးတယ်ဆိုတဲ့ ခံစားချက်တွေလဲ မလိုချင်တော့သလိုပဲ။ ကိုယ့်ဟာကိုယ်တောင် ဘာဖြစ်ချင်မှန်း မသိတော့ဘူးကွာ။ တစ်ဖက်သတ် စိတ်ကူးတွေနဲ့ ရူးခဲ့ဖူးတယ်။ အဲဒါတွေ မဖြစ်သင့်မှန်း ကိုယ်သိပါတယ်။ တကယ်ချစ်တာဟုတ်ရဲ့လားလို့ သံသယအတွေးတွေလဲ
ဝင်လာတယ်။

ကိုယ့်ရဲ့ စိတ်ကူးတွေ မျှော်လင့်ချက်တွေလဲ အကြိမ်ကြိမ် ကြေမွပျက်စီးခဲ့ရဖူးတယ်။ ကိုယ့်ဘ၀မှာ ရင်ခုန်စရာတွေအားလုံး ရပ်တန့်ခဲ့ရပါပြီ။ ဟိုးအရင်တုန်းကမက်ခဲ့တဲ့ အိပ်မက်တွေကိုရော နောက်တစ်ခေါက်ပြန်ပြီး မက်သင့်သေးရဲ့လား။ အရာရာကို အရှုံးပေးထားတဲ့ စိတ်တွေနဲ့ ဘာဆိုဘာကိုမှ မလုပ်တတ်တော့ပါဘူးကွာ။ ဟိုအရင်ကလို နောက်တစ်ခါ ပြန်ခံစားရဦးမှာလားလို့ တွေးကြောက်နေမိတယ်။
အချစ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ မသိတော့ဘူး။ မသိချင်တော့ဘူး။

အချစ်သီချင်းတွေလဲ မကြားချင်ဘူး။ စိတ်ကူးယဉ်ခဲ့တဲ့ ဘ၀တွေလဲ မလိုချင်တော့ဘူး။ အရင်က အိပ်မက်တွေ ပြန်မက်နေရုံနဲ့ လူတစ်ယောက်ရဲ့ ဘ၀က မပြည့်စုံနိုင်ဘူးလေ။

အခုအချိန်မှာ မင်းလိုချင်တာအားလုံး ကိုယ်ပေးဆပ်ခဲ့ပါမယ်။ ကိုယ့်မှာရှိတဲ့ အရာရာတိုင်းကို မင်းစိတ်တိုင်းကျ အသုံးပြုပါကွာ။ ကိုယ်လိုချင်တာတွေ ကိုယ်ဖြစ်ချင်တာတွေ ပြောဖို့မဖြစ်တဲ့ဒီဘ၀မှာတော့ မင်းအလိုကျပဲ နေပါ့မယ်။ ဒီတစ်ခါနောက်ဆုံး မင်းလိုအင်တွေအားလုံးကို ကိုယ်ဖြည့်ဆည်းပေးခဲ့ပါမယ်။

ကိုယ့်ရဲ့ စိတ်တွေလဲ အကြိမ်ကြိမ် သေဆုံးခဲ့ရပြီ။ ဒီဘ၀မှာ ရင်ခုန်စရာဆိုတာလဲ မရှိတော့ဘူး။ အရာရာဟာ အကောင်းအတိုင်း မဟုတ်တော့ဘူး။ မဖြစ်နိုင်တော့ဘူး။ ကိုယ့်မှာ ခံနိုင်ရည်ဆိုတာလဲ လုံးဝမရှိတော့ဘူးဆိုတာ မင်းသိရဲ့လားကွာ ....

အဲဒီလို ခံစားချက်မျိုးကို ကိုမျိုးကျော့မြိုင်က သီချင်းလေးတစ်ပုဒ်ရေးပြီး ဆိုထားပါတယ်။ နားထောင်ကြည့်ပါ။

2 comments:

ÐёMǾ ķĨŦťǾ said...

နားထောင်နေပြန်ပီ ဒီသီချင်းကြီးကို.. =)

မေ said...

မျိုးကျော့မြိုင် ပရိသတ်တစ်ဦးဆိုရင် ဒီဘလော့ဂ်ကို လာလည်ဖို့ ဖိတ်ပါတယ်။
http://myokyawtmyaing.blogspot.com/